တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Friday, February 22, 2008

သမီးလေး နဲ့ ချစ်ခင်စရာ မန္တလာက အကိုကြီး

၆.၂.၀၈ ရက်နေ့က ကျွန်တော်တို့ မိသားစုလိုက် မန်းရွှေမြို့တော်ကြီးဆီသို့ မနက်(၅)နာရီရထားကြီး၏ သယ်ဆောင်ရာကို လိုက်ပါခဲ့ကြပါတယ်။ တနေကုန်ပျင်း
ရိစွာသွားနေတဲ့ အထူးမမြန်ရထားကြီဟာ လိုတာထက်(၁)နာရီနောက်ကျစွာနဲ့ ခရီးဆုံးအထိလိုက်ပို့ခဲ့ပါတယ်။ မသွားမဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ကာယကံရှင်ကျွန်တော်
အပါအ၀င် ဆွေမျိုးတစ်စုရဲ့ အလှူမင်္ဂလာတွေကြောင့်ပါ။ ကြည့်ဦးလေ......

(၁) သမီးပိုးသူဇာမောင်ရဲ့ နားသ
(၂) အကိုအရင်းရဲ့သား ရှင်ပြု
(၃) နှမ၀မ်းကွဲ ရဲ့ လက်ထပ်ပွဲ
(၄) အကိုဝမ်းကွဲရဲ့သား ရှင်ပြု

ဒါတောင် နောက်တူတစ်ကောင်က ဒီကြားထဲအခါမရှိလို့ ရှိရင်ဒီကောင်လဲ ရှင်ပြုဦးမှာ။ အမှတ်စဉ် (၃၊၄)ကတော့ မလုပ်ရင်မဖြစ်လို့ပါ။ သူတို့အမေ/အဖွားက တစ်လလောက်ပဲနေရ
တော့မှာလို့ ဆရာဝန်ကပြောလို့ သူမဆုံးခင် မြင်သွားအောင်လုပ်ပေးကြတာပါ။ ကျွန်တော်ကြတော့ရောတဲ့ အမှန်ဆိုရင်မိန်းမ မီးထွက်ပြီးရင်လုပ်ရမယ့်ဟာ ရန်ကုန်မန္တလေးခရီး
ကြမ်းကြီးကို မွေကင်းစကလေးနဲ့မသွားသင့်လို့ (ဂ)လပြည့်မှ
လုပ်ရတာပါ။

ဒီလိုအလုပ်တွေရှုပ်နေတဲ့ကြားထဲက ဒုက္ခရောက်ရတာကျွန်တော်ပါ။ ဖြစ်နိုင်ရင် လူသူကြားထဲသွားဖို့စိတ်ညစ်ပေပယ့် ဒီတစ်ခါတော့ ကိုယ့်ကိစ္စပါ ပါတော့မသွားလို့
မရတော့ပါဘူး။ အရင်က မန္တလေးရောက်တိုင်း သွားဖူးဖြစ်တဲ့ ဘုရားကြီး / သွားလည်ဖြစ်တဲ့ ဦးပိန်တံတား စီကိုလဲမသွားလိုက်ရပါဘူး။ သြ လွမ်းလိုက်ပါဘိ.....ဘုရားကြီးက ပဲ
မြစ်ထောင်းရယ် ၊ ဦးပိန်တံတားက အကြော်ဆိုင်လေးတွေရယ်..........။
ဒီတခါလဲမန္တလေးမြို့ကြီးရဲ့ပုံစံတွေက သိပ်အပြောင်းအလဲမရှိပါဘူး။ ဆိုင်ကယ်တွေ၊ကားတွေ အရမ်းမောင်းကြတာရယ် / မီးမလာတာ၊ဖုန်ထူတာ ပါ။ ချမ်းမယ်
ထင်လို့ယူသွားတဲ့ အနွေးထည်တွေစောင်တွေ သယ်ရတာမလွယ်ပါဘူး။ ဆုတ်ယုတ်တာဆိုလို့ ဟိုဘက်ကားလမ်းမှာရှိတဲ့ မော်တော်ပီကယ်ရုံ အိမ်ဘေးပြောင်းလာမှာမို့ မန္တလေးစည်
ပင်ကို ဘိုးဘွားပိုင်မြေထဲက နှစ်ပေထင်ပါရဲ့ အလှူပေးလိုက်ရတဲ့ အိမ်ရဲ့ နဘေးဟာ တိုက်အိမ်ရဲ့ဘေးကို သွပ်တွေကာလိုက်ရတော့ ရုပ်ဆိုးသွားတယ်ဗျာ။
မမြလွှာဆီကတဆင့် အဆက်အသွယ်ရပြီး သိပ်သဘောကျတဲ့ ကျွန်တော့အကိုကြီးကိုသခင်ကြီး
ဆီကိုတော့
ရောက်အောင်သွားဖြစ်ပါတယ်။ သူ့စတူဒီယိုထဲမှာ သမီးကိုကြိုးစားပြီးဓါတ်ပုံရိုက်ပေး ၊ မပြန်ခင်တစ်ည အလိုမှာရအောင် ဓါတ်ပုံထုတ်ပေးတဲ့ အကိုနဲ့ သဘောကောင်းပြီး ဖော်ရွေ
တဲ့ အကို့အမျိုးသမီး အမကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ မန္တလေးရောက်တိုင်း နေမကောင်းဖြစ်တတ်တဲ့ သမီးလေးဟာ ဒီတခါ မက်ခရုတွေ ပေါက်လို့ ဂျီတိုက်နေတာကို
အကိုနဲ့အမတို့က ဓါတ်ပုံရိုက်နိုင်အောင် မနည်းကိုချော့ရပါတယ်။ နောက်တစ်ခါသွားရင်တော့ ပုံလှလှလေးတွေရမှာပါ။ ဒီတခါမှာတော့ နေသိပ်မကောင်းလို့ ပြုံးရွှင်နေတဲ့ပုံတွေ
မရလိုက်ဘူး။





မှတ်မှတ်ရရဗျာ ကျွန်တော့အနီးအနားမှာ ယဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့ရဲ့နာမည်ကြီး ကွမ်းယာဆိုင် မျိုး ကနေကွမ်းဝယ်ပြီး ရန်ကုန်ပြန်
လက်ဆောင် တိုးမုန့်သွားဝယ်ဖို့ ဆိုက်ကားပေါ်အတက်မှာ မိန်းလမ်းနဲ့ကွေ့ကြောက လာတဲ့ဆိုင်ကယ်နှစ်စီး ဘေးချင်းဆိုင်တိုက်မိပြီး မှောက်သွားတာ / နှမ၀မ်းကွဲ ရဲ့ မင်္ဂလာဆောင်
ကနေပြန်လာတဲ့ အမျိုးသမီးနှစ်ဦးစီးလာတဲ့ လေးဘီးကားကို ဂျစ်ကားက ဘေးကနေ၀င်တိုက်လို့ လေးဘီးမှောက်သွားရတာရယ်ဟာ အလွန်ရုပ်ဆိုးပါတယ်။
ဖြစ်သင့်တာကတော့ မန္တလေးမှာလဲ ရန်ကုန်လို ယဉ်စည်းကမ်း /လူစည်းကမ်းတင်းကြပ်သင့်ပါပြီ။ တကယ်ပါဗျာ မန္တလေးသူ/သားအားလုံးတို့ဟာ ဖော်ရွေပြီးတော့
အရမ်းချစ်စရာကောင်းကြပါတယ်။ ဒါပေမယ့် သူတို့တွေ စက်ဘီး၊ဆိုင်ကယ်၊မော်တော်ကား တွေပေါ်ရောက်သွားရင်တော့ ကြောက်စရာကောင်းပါတယ်။ သူတို့ကိုချည်း အပြစ်တင်နေ
လို့တော့ မရပါဘူးဗျာ။ မီးမရှိလို့ မီးပွိုင့်မီးမလာတာ / မီးပွိုင့်တွေနည်းတာ / ယဉ်ထိန်းအင်အားနည်းတာ / ရှိတဲ့ယဉ်ထိန်းတွေကလဲ ကြောက်တတ်တာ / မပြင်းထန်
တဲ့ဒဏ်ငွေ တွေကကြာရှည်စည်းကမ်းပျက်အောင် လုပ်နေသလိုပါပဲဗျာ။
ပြန်ဖို့ လက်မှတ်တန်းစီတော့ ကျွန်တော်က အရှေ့ဆုံးကပါ။ မန္တ္တလေးက ပြန်တော့လဲ မနက်(၅)နာရီရထားနဲ့ပါပဲ။ ဒါပေမယ့် ရထားထွက်တော့ (၈)နာရီပါ။
ရန်ကုန်ဝင်တော့ ည(၁၁)နာရီခွဲနေပါပြီ။ ရ ရထားကြီး တော်တော်စီးလိုက် ရပါတယ်။

မှတ်ချက်။ ။

သင်္ကြန်ပြီးရင် တစ်ခါသွားရဦးမယ်ဗျာ။ ခယ်မလို့ခေါ်ရမလားတော့ မသိဘူးဗျ။ မိန်းမအရင်းခေါက်ခေါက် ရဲ့ အမအရင်းခေါက်ခေါက်ကြီး မင်္ဂလာဆောင်မှာတဲ့။
မသွားမဖြစ်တဲ့ဗျာ။ ဟူးကုန်ပါပြီ ငွေတွေရယ်............လွမ်းရမယ့် အင်တာနက် ကော်နက်ရှင်ရယ်.....................

6 Comments:

Chaos said...

သမီးလေး ကချစ်စရာလေးနော်
ဓါတ်ပုံတွေ ထပ်ရှိရင်တင်ပါဦး
နေသိပ်မကောင်းဘူးဆိုတော့ အခုရော သက်သာပီလားဟင် ?

ဒီဇင်ဘာနှင်း said...

သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ။ ဘယ်သူနဲ့ တူလို့လဲဟင်။

မင်းကျန်စစ်။ said...

သမီးလေးရဲ့ ဓါတ်ပုံလေးတွေ ကြည့်သွားတယ်ဗျာ။ သမီးလေးမွေးဖြစ်ရင်လဲ ဒီလို ချစ်စရာကောင်းတဲ့ သမီးမျိုးလေး ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ မိသားစု ဘဝလေးနဲ့ ပျော်ရွှင်ပါစေဗျာ

Saing Khan Tun said...

ကောင်းလိုက်တဲ့ Blog Template
ကောင်းလိုက်တဲ့ post..
လေးစားတယ်ဗျို့

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com

thetmgmg said...

သမီးလေး မန္တလေးက ပြန်ရောက်ပြီး (၁)ရက်အကြာမှာ နေပြန်ကောင်းသွားပါပြီ

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my site, it is about the CresceNet, I hope you enjoy. The address is http://www.provedorcrescenet.com . A hug.


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်