တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, January 23, 2008

သမီးလေး(၇)လပြည့်မွေးနေ့မွန်

သမီးလေး (၇)ရက်နေ့က (၇)လပြည့်သွားပါပြီ။ သူနည်းနည်းဆိုးတတ်လာပါပြီ။ အလိုမကြရင်ငိုပြတတ်လာပါပြီ။ သူမျက်မှန်းတန်းမိတဲ့သူတွေ သူ့ရှေ့က ဖြတ်သွားပြီး သူ့ကိုမခေါ်
ရင် အော်တော့တာပါပဲ။ မခေါ်မချင်းဂျီကြတတ်ပါတယ်။ အပြင်တွေဘာတွေ ခေါ်သွားရင်မြူးကြွနေတာပဲ။ (၂၇)၊ဒီဇင်ဘာ တုန်းက ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် ရွှေတိဂုံဘုရား
ကိုသွားတာ သူ့မှာပျော်လိုက်တာ။ အိမ်ကနေ အပြင်သွားဖို့ တံခါးဖွင့်တာ သူမြင်လို့မရဘူးဗျ။ သူ့ မခေါ်သွားရင်ငိုပါလေရော။ ခုတစ်မျိုးတတ်လာပြန်ပြီဗျ။ သူ့ကိုပက်လက်လေးချ
ထားရင် ခြေထောက်လေးနှစ်ခုကိုမြှောက်ပြီး သူ့ခြေမလေးကို ပြန်ပြီး စုပ်နေတတ်တယ်။ ဟိုနေ့က အိမ်က စာရေးမလေးသင်ပေးလိုက်တာဗျ။ သူ့ဟာသူကောင်းကောင်းတော့ မ
ထိုင်တတ်သေးဘူး။ ခြေထောက်လေးနှစ်ဖက်ကို အားပြုပြီး ခဏတော့ထိုင်တယ်ဗျ။ နိုးနေရင်းကော အိပ်နေရင်းတန်းလန်းပါ အရမ်းမှောက်တယ်ဗျာ။ ကျွန်တော်ညဘက်
တီဗွီထကြည့်ရင် သူ့လက်ကောက်သံကြားရင် ထထကြည့်ရတယ်။ ချစ်ဖို့တော့လွှတ်ကောင်းဗျာ။ ကိုယ့်သမီးမို့ပြောတာတော့ ဟုတ်ဖူးနော်။ သမီးလေးနာမည် ပြောပြမိလားမသိဖူး။
ပိုးသူဇာမောင်တဲ့ သူ့အဖိုးပေးထားတဲ့ နာမည်လေးပါ။ ၇၊၆၊၂၀၀၇ မှာ ဗဟိုသားဖွားဆေးရုံကြီးမှာ ဗုဒ္ဓဟူးနေ့ည၁၂း၃၅ မိနစ်မှာ လူ့ပြည်ကို ရောက်ရှိလာပါတယ်။


ခုပုံလေးကတော့ လစဉ်တင်နေကြဖြစ်တဲ့ (၇)လပြည့် မွေးနေ့လေးအတွက်ပါ။
သူ့ရဲ့ အီအီးပါတဲ့ ခွက်လေးပေါ်မှာရိုက်ထားတာလေ။



သမီးလေး ဒီလထဲမှာ အလည်အပတ်ရောက်ဖြစ်တဲ့ နေရာလေးတွေမှာ အမှတ်တရပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။
အိမ်မှာချည်းနေရင် ပျင်းနေမှာစိုးလို့ ခေါ်သွားတာပါ။ သူလေးက လမ်းထွက်ရရင်ပျော်တယ်ဗျ။

ဒီပုံလေးကတော့ ကျွန်တော့မွေးနေ့က ရွှေတိဂုံဘုရားဖူး သွားခဲ့စဉ်ကပါ။
ဓါတ်ပုံဆရာ အရိုက်ကောင်းလို့ ဘုရားရုပ်ပွားတော်ဟာ တ၀က်ပဲပါလာတယ်။ ငတိလေးက ပြောတုန်းကတော့ လှလှလေးပါတဲ့။



ဒါလေးတွေကတော့ တိရစ္ဆာန်ဥယျာဉ် သွားခဲ့ကြတုန်းကပါ။

မြွေနဲ့ရိုက်တာ မြွေဆရာက မြွေခွေထားတဲ့အပုံပေါ်တင်ပြီးရိုက်တာ ချော်နေလို့ ဘေးမှာထိုင်ခိုင်းပြီး ရိုက်ရပါတယ်။



ဆင်ပေါက်လေးနဲ့ကြတော့ ဆင်လေးရဲ့ကျောက အမွှေးတွေက ကြမ်းတော့ ငိုမဲ့ငိုမဲ့လေး ဖြစ်သွားရှာတယ်။
ဆင်လေးတွေ အတော်များများ ၀မ်းလျှောရောဂါ ဖြစ်နေတယ်လို့ သူ့သခင်ကပြောပြပါတယ်။



ဝက်ဝံလေးကတော့ သူ့ဘော်ဒါအောင့်မေ့လို့ ထင်ပါရဲ့ သမီးလေးခေါင်းပေါ် သူ့လက်ကလေးတင်ထားတယ်။
ဒါတောင် ပထမက ဒီကောင်က ဂျစ်ကန်ကန်နဲ့ ကလေးကိုတွန်းပြစ်တာ သူ့သခင်က ကြိမ်စာကျွေးလိုက်တာ လိမ္မာသွားတယ်။



မြင်းလေးကြတော့ လိမ္မာတယ်ဗျ။ သူ့ပေါ်တက်တာ အငြိမ်ခံတယ်။
သမီးလေးမြင်းစီးတာတွေ့တော့ ကျွန်တော့မမကြီးတစ်ယောက်ကို အမှတ်တရသတိရမိပါတယ်။ သူ့ Blog လေးစရေးစဉ်တုန်းက မြင်းစီးတဲ့ပုံလေးတင်တာ Blog Time ထဲပါသွား
တဲ့ မမကြီး မမီ (ခေါ်) မမ မယ်လိုဒီမောင် ကိုပါပဲ။



လင်းယုန်တွေကလည်း အေးဆေးပဲ။ ဥယျာဉ်လာတဲ့ လူတစ်ချို့ရဲ့ရန်ကို ကြောက်လို့ ကြိုးချည်ထားတာလို့ သူ့သခင်က ပြောပါတယ်။
သူ့ဘာသာနေတဲ့ ငှက်တောင် အငြိမ်မနေရအောင် လုပ်တဲ့လူတွေကို ဘယ်လိုတွေးရပါ့နော်။


အထူးမှတ်ချက်။ ။

*(၇)လပြည့်တာကြာပေါ့ ဖေဖေပျင်းတာနဲ့ ငါ့သမီးလေး ခုမှ Blog ပေါ်ရောက်တော့တယ်။*

3 Comments:

MELODYMAUNG said...

မြင်းစီးတဲ့အချိန်မှ ငါ့ကိုသတိရသလားကွယ် သမီးလေးက မမီနဲ့ နာမည် တစ်လုံးတူပေမဲ့ သမီးလိမ်မာလေးဖြစ်မှာပါ နာ့လို ဆိုးတာတူရင် နင်တော့ ဒွတ်ခပဲနော် ကိုချမ်းမြေ့ဦးရေ :P
ဘာပဲဖြစ်ဖြစ် သမီးလိမ်မာလေး ပိုးသူဇာမောင်ရဲ့ အားကိုးအားထား ဖေဖေကြီးနဲ့ သမီးလေးမိသားစု ကျန်းမာပျော်ရွှင်ပါစေဗျာ

စိုးထက် - Soe Htet ! said...

Happy Birthday, Tha mIe lay !!! သမီးလေး ပုံ တင်ပါဦး ကို ချမ်းမြေ့ဦးရေ :D

Shweyamin said...

သမီးလေးမွေးနေ့ကို ခုမှသိလို့ လာခဲ့တာ ဘာယမုန့်မှလည်း ကျွေးဘူး။ သမီးလေးပွုံလေးတွေ တင်ပေးဦးနော်.. ပြီးတော့ သမီးလေးက အိမ်ရဲ့ဆည်းလည်းလေးပဲဟာ... ပျော်ရွှင်စရာကောင်းမှာပါနော်...
goldmyanmar.myanmarbloggers.org


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်