လိုချင်တဲ့ အရည်အတွက် အတိအကျမရခဲ့ပါဘူး။ ဒါပေမယ့် လက်မှတ်ရောင်းတဲ့ လူငယ်လေးက ကူညီပေးလို့
အဆင်ပြေသွားပါတယ်။ ဘူတာကို ည ၁၀ခွဲကတည်း အစောကြီးဆင်းခဲ့ကြရပါတယ်။ ရထားထွက်မှာက
နံနက် ၃နာရီပါ ဒါပေမယ့် ကာဖျုးရှိနေတော့ စောစောပဲဆင်းကြပါတယ်။ တစ်ခုကံကောင်းတာက အဲဒိနေ့ညက
ရန်ကုန်ဘူတာကြီးကို လာဆိုက်တဲ့ ရထားတွေအားလုံးဟာ ဟွန်းသံတိုးတိုးလေးပဲပေးလို့ တော်ပါသေးရဲ့ နို့မို့ဆိုရင်
ဟွန်းသံကြောင့် သမီးလေးဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲရထားပေါ် ရောက်သွားတယ်။ ပထမတော့ ကျွန်တော်မန္တလေးကို
မလိုက်မလို့ပါပဲ။ ဘလော့(ဂ်)မရေးခင်ကတော့ မကြာခဏရောက်ဖြစ်ပါတယ်။ သာမန်အင်တာနက် အသုံးပြုတဲ့လူအနေနဲ့ပေါ့။
ဘလော့(ဂ်)ရေးတော့ မန္တလေးက ဘလော့(ဂ်)ဂါမိတ်ဆွေတွေနဲ့ပါ တွေ့ဖူးချင်တာနဲ့ နောက်ဆုံးတော့ မန္တလေးမြို့ကို
လိုက်သွားပါတယ်။ ရ ရထားကြီးက လိမ္မာစွာနဲ့ အချိန်ကိုက် ညနေ၆နာရီ၁၀မိနစ်မှာ မန္တလေးဘူတာကိုဆိုက်ရောက်
သွားပါတယ်။ မရောက်တာကြာပြီဖြစ်တဲ့ မန္တလေးမြို့ဟာ အပြောင်းအလဲမရှိပါဘူး။ ယဉ်စည်းကမ်း လမ်းစည်းကမ်း
မလိုက်နာတဲ့ ဆိုင်ကယ်တွေ နေအပူပြင်းမှုတွေ မီးမလာ လာတော့လည်း အားမပြည့်တာတွေ ခြင်အလွန်ပေါ
ဖုန်အလွန်ထူတာတွေ ပဲပေါ့။ ပြောင်းလဲတာ တစ်ခုကတော့ ဘိုးဘွားပိုင်မြေထဲက ၂ပေ အလှူပေးလိုက်ရတာပါ။ ကားတွေ
ဆိုင်ကယ်တွေ ကွေ့ဖို့အတွက်ပေးလိုက်ရတာပါ။ ကောင်းတော့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က
ကျွန်တော်တို့ နေတဲ့နေရာနားမှ ယဉ်တိုက်မှုတွေ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေတာပါ။ ဒီတစ်ခါသွားတော့ တိုက်မှုတွေ
မရှိတော့ပါဘူး။ တစ်ခါတုန်းကဆို အိမ်ရဲ့ဘေးနရံကိုတောင် ကုန်ကားတစ်စီးက ၀င်အောင်းသွားခံရဘူးပါတယ်။ ရန်ကုန်က
သွားကတည်းက မန္တလေးရောက်ရင်တွေ့ဖို့ ရည်ရွယ်ထားတဲ့ ဘလော့ကာတွေ အားလုံးနဲ့မတွေ့နိုင်ခဲ့ပါဘူး။ ကျွန်တော်နဲ့ရင်းနှီး
တဲ့ မရတနာချို မမြလွှာ တို့ဆီသွားလည်တာ မရတနာချိုကိုတော့ မတွေ့ခဲ့ရပါဘူး။ သူအလုပ်လုပ်တဲ့ ရတနာပုံဈေး
အပေါ်ထပ်က MCPA မှာသွားမေးတော့ မရှိုဘူးတဲ့ အခန်းနံပါတ် 32 မှာသွားမေးကြည့်ပါတဲ့။ မမြလွှာကိုတော့
တွေ့လိုက်ရပါတယ်။ သူစာသင်နေလို့ အားနာတာနဲ့ ခဏလေးပဲ စကားပြောပြီး ပြန်လာပါတယ်။ ဒါနဲ့သူက နောက်တစ်ခါ
လာရင် ကော်ဖီတိုက်မယ်လို့ ပြောထားပါတယ်။ နေပူတာနဲ့ မသွားဖြစ်ခဲ့ပါဘူး။ သူ့ဘလော့မှာတင်ထားတဲ့ ကော်ဖီပဲ
အင်တာနက်ကနေ သွားသောက်လိုက်ပါတယ်။ နောက်တစ်နေ့ညကြတော့ ကိုမောင်လှဆီသွားတွေ့တာ မမကြီးက
ရန်ကုန်သွားတယ် လို့ပြောပါတယ်။ ကိုသခင်ကြီးတို့ ကိုစန်းဦးတို့ ဆီလည်းသွားတွေ့ချင်ပေမယ့် လိပ်စာမသိတော့
သွားမတွေ့လိုက်နိုင်ပါဘူး။ မန္တလေးမှာ နေ့ဘက်အားကြီးပူပြီး ည၁၀နာရီကျော် မှာတော့မိုးသည်းထန်စွာ ရွာပါတယ်။
အင်တာနက်စွဲလန်းမှုရောဂါရနေတဲ့ ကျွန်တော်မန္တလေးရောက်တော့လဲ Future Sky ကိုသွားသုံးဖြစ်ပါတယ်။ တစ်နာရီ
၆၀၀ကျပ်ပေးခဲ့ရပါတယ်။ မန္တလေးမှာ အင်တာနက်ဆိုင်တွေက ရန်ကုန်က ဆိုင်တွေထက် ဈေးနည်းနည်းပိုပါတယ်။
ကွန်နက်ရှင်လည်း နည်းနည်းပိုနှေးပါတယ်။ အဲဒီဆိုင်လေးကတော့ မဆိုးပါဘူး။ မန္တလေးရောက်ပြီး သုံးရက်လောက်ကြတော့
အပူအအေးမမှန်လို့ သမီးလေး နေမကောင်းဖြစ်ပါတယ်။ ကာပေါတိုက်လဲ မသောက်ပါဘူး။ နောက်ရက်ကြတော့ ကလေးအထူးကု
ဆရာမကြီးဒေါ်ယဉ်ယဉ်ဆီကို မရီးနဲ့အတူသွားပြကြပါတယ်။ ဆရာမက ဆေးပေးတာသောက်ပြီး သက်သာသွားပါတယ်။ ----ကြတော့
ရန်ကုန်ပြန်ဖို့ လက်မှတ်ကို မနက်အစောကြီး ၄နာရီသွားတန်းစီရပါတယ်။ အိပ်စင်က ၈စောင်တောင်ရှိတယ်။ ကိုယ်လိုချင်တဲ့အရည်အတွက်
ဝယ်လို့ရလိုက်ပါတယ်။ အပြန်မှာတော့ရထားက ပြသနာရှာပါတော့တယ်။ မန္တလေးကည၁၂နာရီအတိ ထွက်ခဲ့ပေမယ့် သာစည်နဲ့ပျဉ်းမနားကြားမှာ
ရထားလမ်းပိုင်းအသစ်ဖောက်လုပ်နေလို့ နေ့လည်၃နာရီ ဆိုက်ရမယ့်ရထားက ည၆နာရီကျော်မှ ရန်ကုန်ကိုဝင်ပါတယ်။ ရန်ကုန်ရောက်ပြီး သမီးလေး
ပြန်နေကောင်းသွားပါတယ်။ ဒီပုံလေးကရန်ကုန်မှာရိုက်တာပါ။ မန္တလေးမှာရိုက်တဲ့ပုံက ဂျီကျနေတဲ့ပုံမို့လို့မတင်တော့ပါဘူး။
ပုံလေးက ပဲပေးနေတာမဟုတ်ပါဘူး။ သူ့လက်ကလေးတွေကို စုပ်ချင်နေတာပါ။
ဒါလေးကို ဖတ်ပေးကြပါ
You are here: Home > သမီးလေး ရဲ့ မန္တလေးသွား တောလား > သမီးလေး ရဲ့ မန္တလေးသွား တောလား
Saturday, November 10, 2007
သမီးလေး ရဲ့ မန္တလေးသွား တောလား
----နေ့က မိသားစုလိုက် မန္တလေးမြို့ကို ဘုရားဖူးခရီးထွက်ဖြစ်ခဲ့ပါတယ်။ လက်မှတ်ဝယ်တော့ အိပ်စင်က
Posted by thetmgmg at 12:05 PM
Labels:
သမီးလေး ရဲ့ မန္တလေးသွား တောလား
Social bookmark this post • View blog reactions
sb_post_date = "Saturday, November 10, 2007";
sb_categories = "သမီးလေး ရဲ့ မန္တလေးသွား တောလား";
sb_url_to_rate = "http://chanmyaeoo.blogspot.com/2007/11/blog-post_10.html";
sb_rated_title = "သမီးလေး ရဲ့ မန္တလေးသွား တောလား";
sb_when_to_load = "immediate";
try { var sb_dp = Date.parse(sb_post_date + ' ' + "12:05 PM"); sb_rated_creation = isNaN(sb_dp)? new Date() : new Date(sb_dp); } catch (e) { sb_rated_creation = new Date(); }
Translate: Portugues | Francais | Espanol | Deutsche | Italiano | Chinese | Korean | Japanese
Subscribe to:
Post Comments (Atom)
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ |
0 Comments:
Post a Comment