တားရော့နဲ့ပတ်သတ်ပြီး လေ့လာချင်သူများအတွက် ဒီ BLOG မှာရေးထားတာအားလုံးကို ဒီနေရာမှာ လေ့လာနည်းလေးတွေ ရှင်းလင်းပေးထားပါတယ်။ ပုံလေးကို နှိပ်ကြည့်ပေးပါခင်ဗျာ။
    ကျွန်တော်ချစ်ရပါသော စာဖတ်သူ လူကြီးမင်းများ ခင်ဗျာ
  • ကျွန်တော့် Gmail ကို + Add လုပ်ကြပါက ကျေးဇူးပြုပြီး Burglish ( ဇာတ်ပျက် - မြန်မာစာရေးနည်း ) ကို သုံးပြီး ပြောကြားခြင်းကို ရှောင်ကြဉ် ပေးကြပါ။
  • Burglish ကို တိုက်ခိုက်တာတော့ မဟုတ်ပါ ကျွန်တော် ကိုယ်တိုင်ကိုယ်က မဖတ်တတ် (၀ါ) နားမလည် လို့ မေတ္တာရပ်ခံတာပါ။
  • ရေးသားရတာ လွယ်ကူအောင် သက်ဆိုင်ရာ ပညာရှင်များကလဲ လုပ်ပေးထားကြပါတယ်။
  • ဒီလင့်လေးတွေမှာ *burglish-testarea *mysteryzillion-webtext ၀င်ကြည့်ကြပါ။
  • ဒီ Blog ဟာ TAROT ကိုသာ ဦးတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။
  • အခြား မိမိသိလိုသော ဗေဒင်ဘာသာရပ်များရှိပါက မိမိကိုယ်တိုင်ရှာဖွေလေ့လာ သင်ကြားကြပါ။
  • ဒီ BLOG မှာ ရေးသားထားတာ (၀ါ) TAROT နဲ့ ပတ်သက်တဲ့ အခြားနေရာကဟာတွေကိုသာ ကျွန်တော့်အနေ နဲ့ FAQ အဖြစ် လာက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။
  • အထက်ပါ (၂) ချက်နှင့် မညီသော မိတ်ဆွများ + Add ကြပါက BLOCK လုပ်ရလိမ့်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

Wednesday, June 20, 2007

မိုးတွေရွာရင်

ဒေါ်ကြီးညလေးက တက်ခိုင်းလို့ မတက်တတ် တက်တတ်နဲ့ ရေးလိုက်ပါပြီ။ မြန်မာ ဘူသါါနမ မောင်နှမတွေအရင်က အမူအကျင့်တက်ပွဲကျင်းပတုန်းက အရမ်းစိတ်ဝင်းစားခဲ့တာ အခုတော့ ဒေါ်ကြီး ညလေးရဲ့ ကျေးဇူးကြောင့် မြန်မာ ဘူသါါနမ မောင်နှမတွေရဲ့ တက်ပွဲတစ်ခုမှာ ပါဝင်ခွင့်ရတာ အလွန် ၀မ်းသာမိပါတယ်။ နောင်ကိုလဲ တက်ပွဲတွေရှိရင် ကျွန်တော့ကို ဖိတ်ကျဖို့မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်။

ကျွန်တော်မိုးရာသီကို အရမ်းချစ်ပါတယ်။ မြန်မာ ဘူသါါနမ တွေထဲက တစ်ဦးမဟုတ် တစ်ဦး ဟာရန်ကုန်မြို့ရဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ကန်တော်ကလေးကို မိုးဥတုဝဿန်ကာလမှာ ဖြတ်သွားဖြတ်လာရှိခဲ့ဖူးပါက ကျွန်တော့အရေးတွေကို နားလည်ခံစားနိုင်ကြမှာဖြစ်ပါတယ်။ မရောက်ဖူးသူများကိုလည်း လာလည်ကြဖို့ ဖိတ်လိုပါတယ်။
ကျွန်တော်တို့ ကန်တော်ကလေးမှာ မိုးရွာပြီဆိုရင်ဖြင့် ကန်တော်ကြီးကရေတွေ၊ ဖဆပလတို့၊ ပန်းဆိုးတန်း(အထက်)တို့က ရေတွေဟာ သင်္ကြန်မှာ စတုဒီသာကျွေးတဲ့ မဏ္ဍာပ်လို ရေတွေဖွေးဖွေး လှုပ်နေတတ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်ဘ၀ အမေကကျောင်းကို လာကြိုလေ့ရှိပါတယ်။ နည်းနည်းကြီးလို့ မူလတန်းကလွန်ပြီး အလယ်တန်းကျောင်းသားဘ၀ကစလို့ မိုးရွာထဲမှာ ကဲခဲ့ရတာ တွေကို ယခုတိုင်သတိရဆဲပါ။



အထက်တန်းမှာတော့ မိုးဟာ ကျွန်တော့အဖို့ပိုပြီး အရေးပါလာပါတယ်။ ကျွန်တော် အထက် တန်းကို အမှတ်(၄) မင်္ဂလာတောင်ညွန့်မှာနေခဲ့လို့ပါ။ ကျွန်တော်တို့ ကျောင်းက ယောက်ျားလေး ကျောင်း၊ နဘေးက အုတ်နံရံတစ်ခုသာခြားထားတဲ့ ဟိုဘက်က အမှတ်(၃)မင်္ဂလာတောင်ညွန့် မိန်းကလေးကျောင်းပါ။

ကျောင်းဆင်းခေါင်းလောင်းတီးပြီဆိုတာနဲ့ ရန်ကုန်မိုးက အတောမသပ်တော့ပါဘူး။ ကျွန်တော်နဲ့ ဘော်ဒါတစ်စုကျောင်းပြင်ရောက်တာနဲ့ စလုပ်တဲ့အလုပ်က ကူးစက်ဆေးရုံရှေ့က အုတ်ခုံ ပေါ်မှာထိုင်ကြပါတယ်။ ညနေကျောင်းဆင်းချိန် မတိမ်းမယိမ်းမှာ ဘေးကမဒီကညာအလှပဂေးလေး တွေကျောင်းဆင်းပါတယ်။
ကျွန်တော်တို့ဘော်ဒါတစ်စုလည်း ကိုယ်နှစ်သစ်ရာ ပျိုကညာတွေကို လူပျိုပေါက်စ သဘာဝ ကိုယ်လွယ်အိတ်မှာပါတဲ့ ထီးကိုမဆောင်းပဲ သူမတို့နံဘေးမှာ မိုးစိုခံပြီး လိုက်ပွားရတာ (၀ါ) လိုက်ပြီး နားဒုက္ခပေးရတဲ့ အရသာကို ချိုမြိန်စွာခံစားကြပါတယ်။ သိပ်မကြာပါဘူး။ ကျွန်တော်ချိန်တဲ့ ငတိ မလေးက ကျောင်းကားနဲ့ပြန်လို့ ငုတ်တုတ်မေ့ခဲ့ရဖူးပါတယ်။

တစ်ရက်ကျောင်းက အပြန် မိုးရွာတော့ အိမ်မှာလွယ်အိတ်ပြေးထားပြီး ရပ်ကွက်ထဲမှာ မိုးရေ ချိုးပါတယ်။ အဲဒိအချိန်မှာ ၉၃လမ်းမှာနေတဲ့ ကိုမှုန်ဝါး ( ကိုစန်းကောက် )က သူတို့တိုက်ဘေးက ရေ တစ်လျောက်မှာရေလာချိုးဖို့ခေါ်တာနဲ့ သွားချိုးပါတယ်။ ကျွန်တော်က မိုးရေချိုးရင်းနဲ့ တစ်ခါတည်း ခေါင်းလျှော်မယ်ဆိုပြီး ကျောင်းအင်္ကျီထဲက တစ်ရွက်တည်းသောငွေ ၂၀ကျပ်တန်ကိုထုတ်ပြီး ခေါင်းလျှော်ရည်(၂)ထုတ်ဝယ်ပြီး သူငယ်ချင်းနှစ်ယောက်ခေါင်းလျှော်ရေချိုးကြပါတယ်။

ကျောင်းသားဘ၀လွန်မြောက်တော့ မိုးဟာ ကျွန်တော့ကို ပစ်မထား၊ ကျွန်တော်လဲ မိုးကိုမမေ့ ရတဲ့ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါသေးတယ်။ တစ်နေ့ ပန်းဆိုးတန်းက အမေ့အိမ်စာပေမှာ စာအုပ်ဝယ်ပြီး ပြန် အထွက်မှာ နေပူထဲမှာ ရုတ်တရက်မိုးထရွာပြီး မိုးသီးတွေကေကျပါရော။ ကျွန်တော်နဲ့ အမေ့အိမ် စာပေက၀န်ထမ်းအမျိုးသမီးတွေ ရရာပန်းကန်ခွက်တွေယူပြီး ကေကျလာတဲ့ မိုးသီးတွေကို စားကြပါ တယ်။ မိုးတွင်းရဲ့ ညဘက်တွေဆိုရင် မိုးရွာလို့ ရေကြီးရင်တောင် မဖြစ်မနေလုပ်တဲ့အလုပ်တစ်ခုရှိပါ တယ်။ လက်ဖက်ရည်ကလွဲပြီး ဘာမှမရတဲ့ ၉၄လမ်းက ကိုလေးသန်းရဲ့ ပြည့်ဖြိုးအောင်လက်ဖက်ရည် ဆိုင်မှာ ခြေသလုံးရေမြှုပ်ပြီးထိုင်ရတဲ့ ဇီမ်ကိုရအောင်ယူတာပါ။ အဲဒီမှာထိုင်ရင်း ၀တ္ထုတစ်အုပ်ကို ဇိမ်နဲ့ ဖတ်ကာ ကွမ်းတ၀ါးဝါးနဲ့နေရတဲ့ အရသာကို လေ့လာကြဖို့ ဖိတ်ပါတယ်ဗျာ။ မှတ်မှတ်ရရ ကျွန်တော်နဲ့ မိုးအကြီးအကျယ်တွေ့ရတာက ၁၁-၆-၂၀၀၃ မှာပါ။ ကျွန်တော်ရဲ့ လူပျိုဘ၀ကို သိမ်းပိုက်မယ့် အမျိုးသမီးနဲ့ ကျွန်တော်လက်ထပ်ပွဲကျင်းပတဲ့နေ့မှာပါ။ အဲဒိမှာ မန္တလေး မှာ ရွာတဲ့မိုးဟာ ကြောက်ဖို့တောင်ကောင်းပါတယ်။ မိုးအကြီးအကျယ်ရွာလို့ ကျွန်တော်တို့ တိုက်ဘေး မှာဆောက်ထားတဲ့ မင်္ဂလာမဏ္ဍာပ်ကျိုးကျသွားပါတယ်။ အဲဒိမှာ ကျွန်တော်အစ်ကိုရယ်၊ အမေနဲ့ မဏ္ဍာပ်ဆောက်တဲ့ လူတွေ အလုပ်များသွားကြပါ တယ်။ ပြန်ပြင်ဆောက်တာအချိန်မှီအောင် အားချင်းသူတို့ စီစဉ်ကြတာကို ကျွန်တော်ဘာမှ မတတ် နိုင်ပဲ ကြည့်နေခဲ့ရပါတယ်။ ကံကောင်းတာက မင်္ဂလာအချိန်မှာ မဟုတ်လို့ပါပဲ။ ကျွန်တော်တက်လိုက်တာလဲများသွားပါပြီ။ ထပ်ပြီးဒုက္ခပေး အဲလေ ယောင်လို့ တက်ကြဖို့ မေတ္တာရပ်ခံ ချောက်တွန်းချင်တာကတော့ – ၁။ မန္တလေးက အစွဲအလမ်းကြီးတဲ့ အစ်ကိုကြီး ကိုမောင်လှ ၂။ စာရေးကောင်းတဲ့ ကိုစိုးဇေယျ ၃။ ပညာရပ်တွေဖြန့်ဝေတဲ့ ကိုရန်အောင် ၄။ ရှယ်စာရေးကောင်းတဲ့ အစ်မကြီးမနိုင်းနိုင်းစနေ ၅။ လွတ်လပ်ပွင့်လင်းတဲ့ မလင်းလက်ကြယ်စင် ၆။ သဘောဖြူတဲ့ မရတနာချို ကျွန်တော်မေတ္တာရပ်ခံလို့တက်ကျသူတွေဟာ အမျိုးသားဆိုရင် မိုးရွာထဲမှာ ရည်းစားကို လိုက် ပွားရင်းနဲ့ မြန်မြန်အဆင်ပြေပါစေ။ အမျိုးသမီးဆိုရင် မိုးရွာထဲမှာ ဘီ(လ်)ဂိတ်က ကိုယ့်ကို လိုက်ပွား တာခံရပါစေ။ မတက်ကျရင်တော့ အမျိုးသားဆိုရင် မိုးရွာထဲမှာ ရည်းစားကို လိုက်ပွားရင်းနဲ့ အဆင်မပြေ ဖြစ်ပြီး အမျိုးသမီးရေးရာနဲ့ တွေ့ပါစေ။ အမျိုးသမီးဆိုရင် ဘီ(လ်)ဂိတ်က မြန်မာပြည်မှာ စရိတ်ပြတ်လို့ လေယာဉ်ပျံလက်မှတ်ခချေးငှားတာ ခံရပါစေ။

3 Comments:

Yan said...

ဟိုက်
ကျိန်စာတွေတိုက်ထားတာ မနည်းပါလား…
အီး မဖြစ်ချေဘူး မကြာမတင်ရေးရချည်တော့အံ့.
ကျွန်တော်လောလောဆယ် အရေးကြီးတဲ့ ပို့စ်လေး ၂ ခုရေးနေလို့ပါ. ပြီးတာနဲ့ စရေးပေးပါမယ်နော်. ကိုချမ်းမြေ့ဦးက ကျွန်တော့်ကို အမှတ်တရနဲ့ တက်ထားလို့ ကြည်နူးဂုဏ်ယူမိပါတယ်ဗျာ…

ပြန်ဦးမယ်ဗျာ. ဟိုမှာ မိုးတွေ ရွာနေပြီလေ…

ဟတ်ဟတ်ဟတ်…

နိုင်းနိုင်းစနေ said...

ချောက်တွန်းတာနောက်ကျသွားပြီ... ချောက်ထဲကျတာ ၂ ခါရှိသွားပြီ ဟား..ဟား..
ဟို... ဒင်း.. အစ်မကြီးလို့ ခေါ်ချင်ခေါ်ပါ..စာရေးကောင်းတဲ့ စာရေးဆရာမလို့တော့
မခေါ်ပါနဲ့နော်..ကျေးဇူးပြုပြီး.. ၉၉ စာရေးဆရာမ မဟုတ်ပါဘူး.. ၀ါသနာပါလို့ စာရေး
နေသူပါ.. ကျေးဇူးး)
မိုးတွေရွာရင် ရေးထားတာ ၂ ခုတောင်ရှိသွားလို့. နောင်နောက် မိုးနဲ့ပတ်သက်တဲ့
အမှတ်တရတွေ ရှိရင် ရေးအုန်းမှာပါ..

Yan said...

ကိုသက်မောင်မောင်ရေ... ရေးလိုက်ပြီဗျို့...


အလွယ်ကြည့်ရန်
ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ

တားရော့သည်အားလုံးအတွက်