စိတ်နေသဘောထားနှင့်ပေါင်းသင်းဆက်ဆံရေး
အသိဥာဏ်ဖွံ့ဖြိုးမှု အားကောင်းမှုကြောင့်သာ သင့်ရဲ့ ပျင်းရိပျင်းတွဲနိုင်မှုကို လူတွေမသိနိုင်တော့ပါ။ အနည်းငယ် ပျင်းရိတတ်ပါမယ်။ အသွားအလာအနေအထိုင် ဘိုသီဖတ်သီနှင့် နှေးကွေးလေးလံပါမယ်။ စိတ် သဘောထား အလွန်ဖြူစင်တတ်ပြီး ကိုယ့်ကို မကောင်းပြောသမျှကို ခေါင်းငုံ့ခံမယ့် လူစားမျိုးဖြစ်ပါတယ်။ မိတ်ဆွေရောင်းရင်းတွေအပေါ်မှာ အမြဲတမ်းအရာရာကို ကူညီညွန်ကြားပေးရပါမယ်။ ကိုယ့်အကြံဥာဏ်နဲ့ မိတ်ဆွေတွေကို အခက်အခဲတွေက ရုန်းထွက်နိုင်အောင် ကူညီနိုင်ပါမယ်။ ကိုယ့်ကိုလည်း ကူညီချင်သူတွေ အကူအညီပေးမယ့်လူတွေ ၀ိုင်းဝိုင်းလည်နေပါမယ်။ အပေါင်းအသင်း အကျိုးခံစားရပါမယ်။ အပေါင်း အသင်းကောင်းရင် ကောင်းသလို ဆိုးရင်ဆိုးသလို ကောင်းကျိုးဆိုးပြစ်တွေနဲ့ ကြုံတွေ့ရပါမယ်။
ပညာရေး
ဥာဏ်ပညာကြီးထွားရင့်သန်ပါမယ်။ ဒီဟာလေးလုပ်လိုက်တာနဲ့ အဲဒိဟာကို ချက်ချင်းတတ်ကျွမ်း သွားတတ်ပါမယ်။ ပညာရေးခရီးဆုံး လမ်းဆုံးကို ရောက်တတ်ပါမယ်။ လောကီပညာတွေကို လေ့လာချင် မယ်။ ဘာစာကိုကျက်ကျက် ကျိုးစားမှသာ တတ်မြောက်ပါမယ်။ ငါဥာဏ်ကောင်းတာပဲ လုပ်လို့မရနိုင်ပါ။ စာ ကျေမှသာ အတန်းတက်ခွင့်ကိုရပါမယ်။ ပညာအသစ်အဆန်းတွေကို အမြဲတမ်းလိုက်စားလေ့လာတတ်မယ်။ ကိုယ့်ကိုဖိအားပေးလို့ (သို့) ကိုယ်ကို၌က ၀ါသနာပါလို့ လေ့လာလိုက်စားတတ်ပါမယ်။ လမ်းဟောင်းပညာရပ် တွေနဲ့လည်း ပျော်မွေ့တတ်ပါမယ်။
စီးပွားရေး
လျှပ်စစ်နှင့်ဆိုင်သော လုပ်ငန်း (သို့) အလင်းထွက်စေသော လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ အ၀တ်အထည်ရောင်းချခြင်းလုပ်ငန်း၊ သစ်လုပ်ငန်းစသည့် အလုပ်တို့တွင် လုပ်ကိုင်ပါက အကျိုးများပြီး ဦးစီး ဦးဆောင်လုပ်ရပါမယ်။ အောက်သက်ကျေအောင် ကျိုးစားပြီးမှသာ အုပ်ချုပ်သူဖြစ်ပါမယ်။ လက်အောက် ငယ်သား၊ လုပ်ငန်းဖက်တွေနည်းပါးပါတယ်။ လုပ်ငန်းများကို ရိုးသားစွာလုပ်ဆောင်သင့်ပါသည်။ ကိုယ်လုပ် တဲ့ကောင်းမွေဆိုးမွေကို လက်ခံလိုက်နာရမယ့် အချိန်ရောက်နေပါပြီ။ ကိုယ့်လုပ်ငန်းကို ကူညီမယ့်သူတွေ ပေါ်လာတတ်ပါသည်။ ကိုယ်ကလည်း အကူအညီလိုအပ်နေတတ်ပါမယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေကို ဖောက်ထွက်ချင်နေတတ်ပါမယ်။
အိမ်ထောင်ရေး(သို့)အချစ်ရေး
ဒီကိစ္စတွေကို သိပ်စိတ်မ၀င်စားတတ်ပါ။ ချစ်သူ ၊ အိမ်ထောင်ဖက်နှင့် အဆင်ပြေချောမွေ့တတ်ပါ မယ်။ ကိုယ့်ကိုအားကိုးတကြီးယုံကြည်လေးစားတဲ့ အိမ်ထောင်ဖက် (သို့) ချစ်သူနှင့်ဆုံတွေ့ရမယ်။ ကိုယ်က အစစအရာရာမှာ သူမကို အမြဲတမ်းလမ်းညွန်ဆုံးမနေရပါမယ်။ တစ်ခါတစ်ရံမှ ကိုယ်ကအလိုလိုက်တတ် လို့ ကိုယ့်ကိုအိမ်ထောင်ရေးစော်ကားမှုတွေခံရပါမယ်။ အိမ်ထောင်ပြုကာစတွင် စီးပွားရေးအတွက် စိတ်ပူ ပင် သောကရောက်ရတတ်ပါတယ်။
ကျန်းမာရေး
ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်း၊ မျက်စိမှုန်ခြင်း၊ သွေးခဲခြင်း၊ တောင်ဝှေးကိုင်ရသည်အထိ ဖြစ်တတ်ပါ သည်။
ဒါလေးကို ဖတ်ပေးကြပါ
Sunday, July 15, 2007
| [+/-] |
Hermit (မြန်မာဘာသာအဟော) |
Subscribe to:
Posts (Atom)
| ပညာကို သေရွာ ယူမသွားကြေး ပညာဟူသမျှ ဖြန့်ဝေကြ |





