Saturday, April 20, 2013

GOOGLE PLAY မှ TAROT များ DL လိုပါက

ကွန်ပြူတာကနေ ဘယ်လိုဒေါင်းရလဲတော့ ကျွန်တော်လဲ မသိပါဘူး သိသလောက်ပြောပြပါ့မယ်
ကိုယ်ကိုင်တဲ့ဖုန်းမှာ ဆော့ဝဲပါလာပါလိမ့်မယ် GOOGLE PLAY ဆိုတာလေးတွေ့ပါလိမ့်မယ်
တရုပ်ဖုန်းဆိုရင်တော့ ROOT လုပ်ပြီးမှသာ ထိုဆော့ဝဲသုံးနိုင်ပါမယ်
ဆိုင်မှာလုပ်ပါ ကိုယ့်ဘာသာမလုပ်ပါနဲ့ မှားရင် ဖုန်း သေပါလိမ့်မယ်
ဆော့ဝဲလေးဖွင့်ပြီးပါက မိမိရိုက်လိုတာလေးရိုက်ရှာပါ
ကျွန်တော်ကတော့ နမူနာအနေနဲ့ တားရော့ကိုရိုက်ရှာပြထားပါတယ်


ကိုယ့်အကြိုက်တွေ့တာတွေ့ပြီဆိုရင် ကလစ်ပေါ့ဗျာ


ဒါဆိုရင် ဒီလိုလေး ဆော့ဝဲအကြောင်းလေးပေါ်လာပါလိမ့်မယ်
INSTRALL လေးကိုနှိပ်ဗျာ


 ACCEPT & DOWNLOAD ကို ဆက်သာနှိပ်ပါ


ဒီလိုပေါ်လာရင် စဒေါင်းဖို့ပေါ်လာပြီပေါ့ဗျာ ဒီအဆင့်မရောက်ခင် ဒီအဆင့်မှာတင် မကြာခဏ ကွန်နက်ရှင်ကျတတ်ပါတယ် စိတ်ရှည်ပါ


ခုဆိုရင် ဒေါင်းလုပ် စဆွဲနေပါပြီ အရမ်းမကြာပါဘူး မြန်ပါတယ် စမဆွဲခင်သာ အာရုံနောက်တာပါ


ခုဆို ဒေါင်းလုပ်ပြီးပါပြီ

တခုသတိပြုရမှာ GOOGLE PLAY က ဒေါင်းတဲ့ဆော့ဝဲမှန်သမျှဟာ
ဖုန်းအင်တာနယ် မန်မိုရီထဲမှာ ရောက်ပြီး တန်း INSTRALL လုပ်တာပါ

ကိုယ့်အတွက် အသုံးဝင်တဲ့ဆော့ဝဲတွေ ပြန်သိမ်းဖို့လိုတာပေါ့
BACKUP ဆော့ဝဲ နဲ့ ဖြစ်ဖြစ် ပြန်သိမ်းပါ

ဆော့ဝဲနားမလည်သူတွေအနေနဲ့ ခုချိန် မြန်မာပြည်က စမတ်ဖုန်းတိုင်းနီးပါးမှာ ZAPYA ဆော့ဝဲတွေရှိနေပါပြီ ZAPYA ဆော့ဝဲကိုဖွင့်ပြီး APPS နေရာသွားပါ

BACKUP လုပ်ချင်တဲ့ ဆော့ဝဲပေါ် လက်လေးတင်ပါ အောက်ဆုံးက MORE ကိုနှိပ်ပါ BACKUP ဆိုတာလေး တွေ့ပါမယ် နှိပ်လိုက်ပါ ဒါဆို သိမ်းပေးလိုက်ပါပြီ

April 18, 2012 မှသည် ကနေ့  April 20, 2013 အတွင်းမှာ ကလေးမွေးတာတခုပဲ တင်နိုင်ပါတယ် စာတော်တော်ရေးဖြစ်နေတာပေါ့ ဟတ် ဟတ်







No comments:

Post a Comment

လူတိုင်းအတွက်တားရော့

တားရော့နဲ့ပတ်သတ်ပြီး အားလုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
လူကြီးမင်းတို့မသိတာရှိရင် ဒီနေရာကနေ လိုအပ်တာတွေ
အကူအညီပေးနိုင်အောင် တစ်ဦးနဲ့တစ်ဦးအပြန်အလှန်
သတင်းအချက်အလက်တွေ လျှင်မြန်စွာစီးဆင်းနိုင်အောင်လို့ပါ။
တစ်ဦးခေါင်းနဲ့စဉ်းစားတာထက် ၀ါသနာရှင်တွေပေါင်းပြီး စဉ်းစားကြပါစို့။
လိုအပ်မယ်ထင်တဲ့ အကြံဥာဏ်လေးတွေပေးခဲ့ကြပါ။

Chan Myae Oo